
ဒေသတွင်းဆိုင်ရာလုပ်ငန်းအတွေ့အကြုံ၊ ခေတ်သစ်နည်းစနစ်မျိုးစုံတို့ ရောပြွမ်း၍ တည်ဆောက်ကြ၊ ဖောက်လုပ်ကြ၊ ဖန်တီးကြသည့် ဤကာလ၀ယ် စနစ်ကျသော နည်းစနစ်များနှင့် တည်ဆောက်နေကြသော လုပ်ငန်းခွင်များရှိသကဲ့သို့၊ အခြေအနေအကြောင်းကြောင်းကြောင့် အယူအဆလွဲမှားစွာ လက်ဆင့်ကမ်းဆောက်လုပ်နေသော လုပ်ငန်းခွင်များလည်း ရှိနေပါသည်။
ဤစာအုပ်သည်လည်း ထိုထိုသော အယူအဆအလွဲလေးများကို တည့်မတ်စေရန်နှင့် စနစ်ကျ၍ အရည်အသွေးပြည့်ဝသော ဆောက်လုပ်ရေးလုပ်ငန်းများ ဖြစ်ထွန်းလာစေရန် အိန္ဒိယနိုင်ငံမှ ပညာရှင်တို့က ရေးသားပြုစုထားသော အဆောက်အဦတည်ဆောက်ရေးဆိုင်ရာ အခြေခံကျသော လမ်းညွှန်စာအုပ်တစ်အုပ်ဖြစ်ပါသည်။
ဤလက်စွဲစာအုပ်လေးကို မြန်မာဘာသာဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပါက အကျိုးများမည်ဟု ထင်မြင်မိပါသည်။
အင်ဂျင်နီယာများသာမက၊ အင်ဂျင်နီယာကျောင်းသား/ကျောင်းသူများ၊ ပညာသည် များနှင့် အဆောက်အဦတည်ဆောက်ရေးကို စိတ်ဝင်စားသူများ ဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍ ဘာသာပြန်ဆိုခဲ့ပါသည်။
ဘာသာပြန်ရာတွင် တွေ့ရှိလာရသည့် အင်ဂျင်နီယာဝေါဟာရအချို့သည် မြန်မာဘာသာဖြင့် အတိအကျ တရားဝင်ဝေါဟာရ အသုံးအနှုန်းအဖြစ် သတ်မှတ်ခြင်းမပြုရသေးသော ဝေါဟာရများဖြစ်နေပါသည်။
သို့ဖြစ်ပါ၍ အငြင်းပွား ဖွယ်ရာဖြစ်နိုင်ကြောင်း ထင်စရာရှိနေသော အသုံး အနှုန်းအကြောင်းအရာ ဝေါဟာရများနှင့် အရေးကြီးသည် ဟု တွေးထင်မိသော ဝေါဟာရအချို့ကို မူရင်းစာအုပ်ပါ အင်္ဂလိပ်ဝေါဟာရများနှင့် ပူးတွဲ၍ ဖော်ပြထားပါသည်။
(ကျော်ဇင်ဟိန်း - ဘာသာပြန်သူ)
"လေ့ကျင့်သင်ကြားပေးသူများအတွက်
အခြေခံဆောက်လုပ်မှုဆိုင်ရာ လေ့ကျင့်ရေးလက်စွဲ"
အခြေခံဆောက်လုပ်မှုဆိုင်ရာ လေ့ကျင့်ရေးလက်စွဲ"
File Size - 3.91 MB
DOWNLOAD >>>
LINK - 1
Basic Construction Training Manual for Trainers_HeinniMuller_Translated by KyawZinHein.pdf
http://www88.zippyshare.com/v/r2FNZ3lI/file.html
Basic Construction Training Manual for Trainers_HeinniMuller_Translated by KyawZinHein.pdf
http://www88.zippyshare.com/v/r2FNZ3lI/file.html
====================================
တည်ဆောက်ရေးလုပ်ငန်းများတွင် အထောက်အကူတစ်ခုဖြစ်ပါစေကြောင်း ဆန္ဒပြုလျက်
တည်ဆောက်ရေးလုပ်ငန်းများတွင် အထောက်အကူတစ်ခုဖြစ်ပါစေကြောင်း ဆန္ဒပြုလျက်
Credit
https://www.facebook.com/kohein.tu/posts/545553108961001
No comments:
Post a Comment